Tuesday, July 7, 2015

'' ကြည်ညိုဖြာသွန်း စိတ်ကြည်ရွှန်း '' (တေးထပ်)

မိန်နွေ( ငါန်းဇွန်) | Tuesday, July 07, 2015 | Best Blogger Tips


မွန်ဋ္ဌာနေ ဂုဏ်ရည်မြှင့်
အောင်မြေသင့် စံမှီ
ထက်တိုင်လွင့် ဝေဝေစီတယ်
မြန်မာပြည် အံ့ထူး ၊
စာသင်တိုက် ဆင်ဖြူမှာကွယ်
ဘွဲ့မဟာ ဆွတ်ခူးပြန်လို့ မြူး ။


ဒွိပိဋက အာဂမဂုဏ်ရှင်
ကျမ်းစာစုံ ဥာဏ်ကျူး ၊
သောတုဇနာ အသိထူးစေဖို့ 
စာချမှူး ဖြန့် ဝေ၊
အဂ္ဂမဟာ ပဏ္ဍိတကိုဖြင့်
လှူဒါန်းကြ ထေရ်ဘုန်းကိုလေ ။

သက်တော်က ခြောက်ဆယ့်သုံးဖြာ
ရုပ်ခန္ဓာ အားတွေနွဲ့ပေမယ့်
သာသနာငဲ့ စိတ်မပြို
နောက် မဆုတ်လို ၊
သီလ ပသန္န ဝိနည်းဓိုရ်တယ်
စိတ်ကြည်ညို ယိုဖိတ်ပြီဘုရာ့လေး။

သာသနာနှစ် ငါးထောင်ကိုကွယ်
ဂုဏ်ထိုထို ဖြာသွန်းပြီဘုရာ့ လေး။

ဘွဲ့တံဆိပ် အလှူကိုကွယ်
ဝမ်းသာပို ကြည်ရွှန်းသာဘုရာ့လေး ။ ။

အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော ဒွိပိဋကဓရ ဆင်ဖြူဆရာတော် ဘုရားအား ဂုဏ်ပြုရေးဖွဲ့ သီကုံးအပ်ပါသည်။

မိန်နွေ
Wed-Feb-18-2015
10:00:00:AM

No comments:

Post a Comment