Sunday, January 18, 2015

* မွန်ပြည်နယ်Bပိုးကာကွယ်ရေးပရဟိတအဖွဲ့*

မိန်နွေ( ငါန်းဇွန်) | Sunday, January 18, 2015 | Best Blogger Tips


သံဃာတော်များအတွက်ကျန်းမားရေးစောင့်ရှောက်မှု
ဖြစ်သော* မွန်ပြည်နယ်Bပိုးကာကွယ်ရေးပရဟိတအဖွဲ့*
သို့ဇီဝိတဒါနဆေးအလှူ တော်ငွေလှူ ဒါန်းထားသောအ
လှူ ရှင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါ
တယ်ခင်ဗျာ………

အပါတ်စဉ်(sunday)နေ့များတွင်သံဃာ
တော်အရှင်သူမြတ်များအားBပိုးကာကွယ်ဆေးထိုးရန်
ဆောင်ရွက်ထားပါသော်လဲ 11.1.2015(sunday)နေ့
သည်…မော်လမြိုင်မြို့တွင်ဆရာဝန်များညီလာခံဖွင့်ပွဲအ
ခမ်းအနားကို10.1.2015နေ့မှ12.1.2015နေ့အထိ (3)

ရက်တိုင်တိုင်အခမ်းအနားကြီးကျင်းပမည်ဖြစ်သော
ကြောင့်ကျွန်တော်တို့အဖွဲ့မှအဖွဲ့ဝင်ကုသိုလ်ရှင်ဆရာဝန်
များသည်လက်ရှိတွင်နိုင်ငံဝန်ထမ်းဆရာဝန်များဖြစ်
သောကြောင့်ဆရာဝန်ညီလာခံဖွင့်ပွဲသို့မပျက်မကွက်
တက်ရောက်ကျရမည်ဖြစ်ပါသဖြင့်သံဃာတော်အရှင်သူ
မြတ်များBပိုးကာကွယ်ဆေးထိုးခြင်းကုသိုလ်ကို
18.1.2015(sunday)နေ့တွင်သံဃာတော်အရှင်သူမြတ်များအားဆေးဆက်လက်ထိုးပေးသွားမည်ဖြစ်ပါကြောင်း
လုပ်ငန်းစဉ်များကိုအလှူ ရှင်များထံသို့တင်ပြအပ်ပါသည်။

*****မွန်ပြည်နယ်Bပိုးကာကွယ်ရေးပရဟိတအဖွဲ့*****

 Ko Thar Cho Facebookမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment