Wednesday, January 21, 2015

( မဟာပါသာဏလိုဏ်ဂူ - ကမ္ဘာအေး) သမိုင်း

Unknown | Wednesday, January 21, 2015 | Best Blogger Tips

မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂယနာတင်ရန် သံဃာ့အစည်းအဝေးကြီးက ဆုံးဖြတ်ပြီးနောက် သင်္ဂါယနာတင်ရန်အတွက် ကမ္ဘာအေးကုန်းမြေတွင် မဟာပါသာဏလိုဏ်ဂူတော်ကြီးကို (4.2.1954)နေ့တွင် စတင်ဆောက်လုပ်ခဲ့သည်။ 12.7.1955 နေ့တွင် ပြီးစီးခဲ့ပါသည်။

ကုန်ငွေစုစုပေါင်းမှာ ယင်းခေတ်ငွေတန်ဖိုး (၉၁)သိန်းကျော်ဖြစ်ပါသည်။ ယင်းမဟာပါသာဏလိုဏ်ဂူတော်ကြီးသည် အလျား ၄၄၅-ပေ၊ အနံ ၃၇၀-ပေ ကျယ်ဝန်းပြီး ဆဋ္ဌသင်္ဂါယနာအထိမ်းအမှတ်အဖြစ် ၀င်ပေါက်ကြီး ၆-ခု၊ တိုင်းကြီး ၆-တိုင်နှင့် လေ၀င်လေပေါက် ၂၄-


ပေါက်တို့ ပါရှိသည်။ သံဃာစင်တွင် သံဃာတော်ပေါင်း ၂၅၀၀-သီးတင်းသုံးနိုင်ပြီး ကြမ်းပြင်တွင် ပရိသတ် ၅၀၀၀- နေထိုင်နိုင်ပါသည်။
သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄-ရက်နေ့ (ခရစ်နှစ်- ၁၉၅၄၊ မေလ-၂၁)နေ့တွင် မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း၌ ထေရ၀ါဒ ၅-နိုင်ငံ (မြန်မာ၊သီရိလင်္ကာ၊ထိုင်း၊ကမ္ဘောဒီးယား၊လာအို)မှ ဆရာတော် သံဃာတော်

၂၅၀၀-တို့ စုဝေးတော်မူကြ၍ ဆဋ္ဌသင်္ဂါယနာတင်တော်မူကြသည်။ မြတ်စွာဘုရားရှင်၏ ဓမ္မ၀ိနယဒေသနာတော်များကို ၂-နှစ်ကြာ သင်္ဂါယနာတင်ခဲ့ရာ သာသနာနှစ် ၂၅၀၀ပြည့်၊ ကောဇာသက္ကရာဇ် ၁၃၁၈-ခုနှစ်၊ ကဆုန်လဆန်း ၁၀-ရက် (၁၉-၅-၁၉၅၆)နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

No comments:

Post a Comment